Monday 30 July 2012

No need to think the Sanction .

                         The article  in   myanmar   language  from   Burma   (Myanmar  )  .  
                

Tuesday, July 31, 2012

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သောအစိုးရအဆင့် သတ်မှတ်ချက်


နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သောအစိုးရအဆင့် သတ်မှတ်ချက်
Duwa Kachin

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု မြင့်မားနေခြင်းသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားခြင်း (Sanction) ကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်များက ဝေဖန်တတ်လေ့ ရှိပါတယ်။

ဆိုင်သလား၊ မဆိုင်ဘူးလား ဆိုတာ ကြည့်ကြရအောင်ပါ။ စင်ကာပူ အခြေစိုက် VRIENS & PARTNERS အဖွဲ့ဟာ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုမှာ စီမံခန့်ခွဲမှု စိတ်ချရတဲ့ အစိုးရကောင်း (good governance) အဆင့် သတ်မှတ် ပေးလေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွက် အာရှ-ပစိဖိတ်ဒေသ နိုင်ငံ ၁၉ နိုင်ငံ ကို မဏ္ဍိုင် ၆ ခု (Six Pillars) နဲ့ တိုင်းတာပြီး အဆင့်သတ်မှတ်ရာမှာတော့ မြန်မာနိုင်ငံက အားလုံးရဲ့ အောက်ဆုံးအဆင့် ၁၉ ဆွဲပါတယ်။ Laos နိုင်ငံတောင် မြန်မာနိုင်ငံအဆင့်ရဲ့ အပေါ်မှာပါ။ အံ့သြဖို့ကောင်းတာက စီးပွားရေး ပိတ်ဆို့တာနဲ့ လားလားမျှ မဆိုင်တာ တွေ့ရပါတယ်။ Sanction မလုပ်ထားတဲ့ အာရှနိုင်ငံတွေလည်း ဘာဖြစ်လို့ မလာသလဲဆိုတော့ အခုအောက်မှာ ဖော်ပြပါ အချက်အလက်တွေကို ကြည့်ပြီး ကြောက်လို့ မလာတာ ပိုများပါသတဲ့။ ရင်းနှီးမြှုပ်နှံသူတွေဟာ အစိုးရကောင်းအဆင့် သတ်မှတ်ချက်မှာ မူတည်ပြီး စိတ်ချရတဲ့ နိုင်ငံတွေမှာ သူတို့ငွေတွေကို ဖြုန်းတတ်လေ့ရှိပါတယ်။ အစိုးရအနေနဲ့ အောက်ဖော်ပြပါ အရေးကြီး ကဏ္ဍတွေမှာတောင် စည်းကမ်းမရှိရင်တော့ ဘယ်လုပ်ငန်းရှင်မှ ရေရှည်အတွက် စဉ်းစားမှာ မဟုတ်ပါဘူး။ သယံဇာတ နှိုက်ယူမယ့် လုပ်ငန်းရှင် အပေါစားတွေလောက်ပဲ လာမှာပါ။

No comments:

Post a Comment